Local News

ကချင်ပြည်နယ်၏ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက် အတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ

Last Updated:

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံကုန်သွယ်မှု များရှိခဲ့ရာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၁၀ ရက်မှ ၁၆ ရက်နေ့ များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ဆန်၊ နှမ်း၊ ကြံ၊ မြေပဲဆံ၊ ပြောင်း၊ ပိုးလုံးအိမ်(DRIED COCOON)၊ ရာဘာ၊ ပဲတီစိမ်း၊ ‌ဖရဲသီးနှင့် ဆန်ကွဲများ တင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန်၏ငွေပမာဏသည် ၃၈၄၆၈၁၈ ဒဿမ ၄၃  ကန်ဒေါ်လာ ဖြစ်ပြီး၊ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်‌ရေးစခန်းမှ တရုတ်နိုင်ငံသို့ တင်ပို့ကုန် ၏‌ငွေပမာဏမှာ ၁၉၄၄၇၃၇ ဒဿမ ၀၇ ဒေါ်လာဖြစ်၍ တင်ပို့ကုန်၏ငွေပမာဏ စုစုပေါင်းတန်ဖိုးမှာ ၅၇၉၁၅၅၅ ဒဿမ ၅ ကန်ဒေါ်လာ တင်ပို့မှုရှိခဲ့ပါသည်။

သွင်းကုန်ပစ္စည်းများမှာ  လယ်ထွန်စက်၊ ဆေးဝါးပစ္စည်းများ၊ ဓါတုဗေဒချည်ခင်များ၊ ကုန်ထုတ် စက္ကူများ၊ ချည်ထည်များ၊ မော်တော်ဆိုင်ကယ်အပိုပစ္စည်းများ၊ စက်နှင့်စက်ပစ္စည်းများ၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ၊ ကားတာယာ၊ သံပိုက်၊  မြက်ခင်းတုနှင့် အခြားပစ္စည်းများ တင်သွင်းမှုရှိခဲ့ပါသည်။ ကန်ပိုက်တည်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန်တင်သွင်းကုန်၏ငွေပမာဏမှာ ကန် ဒေါ်လာ ၂၃၀၈၅၅ တင်သွင်းမှုရှိခဲ့ပြီး၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းမှ မြန်မာနိုင်ငံသို့ အမှန် တင်သွင်းကုန်၏ ငွေပမာဏမှာ ကန်ဒေါ်လာ ၂၃၃၀၀၃ ဒဿမ ၃၂ ဖြစ်၍ တင်သွင်းကုန်၏ စုစုပေါင်းငွေပမာဏ တန်ဖိုးမှာ ကန်ဒေါ်လာ ၄၆၃၈၅၈ ဒဿမ ၃၂ တင်သွင်းမှုရှိခဲ့ပါသည်။

ဒီဇင်ဘာလ ၁၆ ရက်နေ့အထိ တစ်ဖက်နိုင်ငံ တရုတ်ပြည်တွင် ဆန်မာတစ်အိတ်လျှင် ၁၆၀ ယွမ်၊ ဆန်ပျော့တစ်အိတ်လျှင် ၂၀၀ ယွမ်နှင့် ပြောင်းတစ်အိတ်လျှင် ၁၂၅ ယွမ် ဈေးပေါက်လျက်ရှိပြီး၊ မြန်မာကျပ်ငွေနှင့် တရုတ်ယွမ်ငွေလဲနှုန်းမှာ မြန်မာငွေကျပ် ၁၀၀ လျှင် တရုတ်ယွမ် သုည ဒဿမ ၃၃၂ ယွမ်ဖြစ်ပြီး၊ ၁ ယွမ်လျှင် မြန်မာကျပ်ငွေ ၃၀၁ ဒဿမ ၂၀ ကျပ်ရှိကြောင်းသိရှိရပါသည်။

 

မနောမြေကုန်သွယ်မှုဗဟိုဌာန

Category: Local News